the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုခံ တိုင်းရင်းဆေးသမားတော် ဆရာကြီး ဦးဉာဏ်လွင် ပါဝင်

နေပြည်တော် စက်တင်ဘာ ၂၈ ရက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။    ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှာ ဌာနေကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန် ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။                  

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးက-

  • မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် လူဦးရေအချိုးအစားပြောင်းလဲလာမှုကို ကြုံတွေ့နေကြရပါကြောင်း၊
  • သက်ကြီးရွယ်အိုဦးရေအချိုးအစားသည် ယခင်ကာလများထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
  • မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး ရွယ်အို ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင်  ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင်  ၈ ဒသမ ၉ ရာခိုင်နှုန်းအထိတိုးတက်ပြောင်းလဲလာပါကြောင်း၊
  • ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူစိန်ခေါ်မှုများပါတစ်ပါတည်းပါလာပါကြောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် မည်သို့ပြောင်းလဲကြရမည်ဆိုသည့်အချက်သည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်ကို နားလည်ပါကြောင်း
  •  မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာအဆက်ဆက် ကတည်းက သက်ကြီး ရွယ်အိုများကိုလေးစားတန်ဖိုးထားတတ်ကြပြီးသားသမီး၊ မြေးမြစ်များကအတူနေထိုင် ပြုစုစောင့်ရှောက် တတ်ကြသည်ကို အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြပါကြောင်း၊
  • သို့သော် ပြောင်းလဲလာသည့် လူမှု၊ စီးပွားအခြေအနေများနှင့် အတူဘိုးဘွား၊ မိဘ၊ သားသမီးမြေးမြစ်များအတူနေပြီးတစ်ဦးနှင့် တစ်ဦးအပြန်အလှန်စောင့် ရှောက်ကြသည့် ဓလေ့သည်လည်း လျော့ပါးလာ ပြီဖြစ်ပါကြောင်း၊
  • ထို့ကြောင့် အစဉ်အလာအားဖြင့် သိထားသော သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေး နည်းလမ်းသည် သက်ကြီးရွယ်အိုအားလုံးကိုလွှမ်းခြုံနိုင်သည့် နည်းလမ်းတစ်ခုမဟုတ်တော ပါကြောင်း
  • အစဉ်အလာအားဖြင့် မိသားစုက ပြုစုစောင့်ရှောက်ခြင်းနည်းလမ်းအပြင် အခြားသော ရပ်ရွာအခြေပြု သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ခြင်းနှင့် အခြားသော ပြုစုစောင့်ရှောက်သည့် နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြနှင့်ပြနှင့်အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း
  •  မိမိတို့နိုင်ငံရှိသက်ကြီးရွယ်အိုများသည် သက်ကြီးရွယ်အိုဘဝဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေကြရသည့်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ သက်ကြီးရွယ်အိုဘဝဝင်ငွေ လုံခြုံရေးကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီးသက်ကြီးရွယ်အိုများအတွက် ငွေကြေး အထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်သည့် လူမှုရေး ပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်ကစတင်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း
  •  စတင်ဆောင်ရွက်ခဲ့စဉ်ကအကျိုးခံစားခွင့်အတွက် အကျုံးဝင်မှုအသက်ကို ၉၀ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများဟုသတ်မှတ်ခဲ့သော်လည်းလာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်ကစပြီးအသက် ၈၅ နှစ်အထိအကျုံးဝင်အသက်ကို လျော့၍သတ်မှတ်သွားမည် ဖြစ်ပါကြောင်း၊ မူလအစီအစဉ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့် ရရှိသူသက်ကြီးရွယ်အို ဦးရေသည် (၄၃၄၃၉) ဦးရှိရာမှ (၁၄၀,၀၀၀) ဦးအထိပိုမိုပါဝင် လာမည်ဖြစ်ပါကြောင်း
  • သက်ကြီးရွယ်အိုများအတွက်ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး သက်ကြီး ရွယ်အိုများဆိုင်ရာဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများနှင့်အညီ အကောင်အထည်ဖော် ဆောင်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်း ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း
  • သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် သာမန်နှင့်သမားရိုးကျ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများသာမဟုတ်ပဲကာလကြာရှည် ပြုစုစောင့်ရှောက်ခြင်း (Long-term Care)နှင့် ကာလကြာရှည် ပြုစုစောင့် ရှောက်ခံရခြင်းမျိုးမလိုအပ် သေးသည့် သက်ကြီးရွယ်အိုများအတွက်  ကြိုတင်ကာကွယ်ပေးသည့် ဝန်ဆောင်မှုများ (Prevention from Long-term Care) တို့ကိုလည်းထည့် သွင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်းပြောကြားသည်။      

ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား၏ ဆောင်ပုဒ်သည် “သက်ကြီးအခွင့်အရေးဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့”ဟုဖြစ်သည်။         ထို့နောက် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကပေးပို့သောသဝဏ်လွှာက UNDP ဌာန ကိုယ်စားလှယ် UN Resident  and Humanitaran Coordinator, Mr.KnutOstbyဖက်ကြားသည်။ ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံ ဘိုးဘွားများထံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Help Age International (Myanmar) မှ Country Dierctor  Mr. God Fred Paul တို့ကဆေးဝါးပစ္စည်းများနှင့် အလှူငွေများကိုလည်းကောင်းပေးအပ်လှူဒါန်း ကြသည်။                ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ   ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။    ထို့နောက် သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများက`` လူမှုဝန်ထမ်း တာဝန်ကျေစေမည်´´ ဘိုးဘွားဂုဏ်ပြုတေးဖြင့် ဖျော် ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။      

ယင်းနောက် မြန်မာနိုင်ငံသက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးနှင့်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ပြသပြီးဘိုးဘွားများ ကိုယ်စားသက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ အဘွားတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။           

အခမ်းအနားအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လှုပ်ရှားမှု ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။   အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား တွင် ဂုဏ်ပြုခံထူးချွန် ဘိုးဘွားတစ်ဦးလျှင် အလှူငွေ  တစ်သိန်းကျပ်နှင့် ဂါရဝပြုလက်ဆောင်များ၊ ဂုဏ်ပြုခံ ဘိုးဘွား တစ်ဦးလျှင် အလှူငွေ ငါးသောင်းကျပ်နှင့် ဂါရဝပြုလက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထူးချွန်ဘိုးဘွား အသက် ၉၁ နှစ်ရှိ မြန်မာ့တိုင်းရင်းဆေးသမားတော် ဆရာကြီး ဦးဉာဏ်လွင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများကစုပေါင်း၍ ပူဇော်ကန်တော့ခြင်း၊ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ