the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေး ဖြည့်စွက်အစာဆိုင်ရာကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်သင်တန်းတွင် တက်ရောက်မည့် သင်တန်းသားများအားခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

 

စာအမှတ် ၊ တဆပ / ဆဝမ/ ၂၀၁၈  (၄၀၄၅  )

ရက်စွဲ၊   ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ လ    ရက်

သို့

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး

          တိုင်းရင်းဆေးပညာဦးစီးဌာန

          -----------------------------------တိုင်းဒေသကြီး/ပြည်နယ်

အကြောင်းအရာ။   တိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေး ဖြည့်စွက်အစာဆိုင်ရာကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်သင်တန်းတွင်တက်ရောက်မည့်သင်တန်းသားများအား ခေါ်ယူနိုင်ရေးအကြောင်းကြားခြင်းကိစ္စ။

၁။      အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းအား(၁၀-၁၀-၂၀၁၈) ရက်နေ့မှ (၁၅-၁၀-၂၀၁၈) ရက်နေ့အထိ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်၌ ဖွင့်လှစ် မည်ဖြစ်ပြီး အောက်ပါ အရည်အချင်း တစ်ခုခုနှင့်ကိုက်ညီသူများ တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။

          က)     တက္ကသိုလ်/ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ

          (ခ)     တိုင်းရင်းဆေးပညာဒီပလိုမာ (Dip.T.Med)ရရှိထားသူများ

          (ဂ)     တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စိတ်ပါဝင်စားသူများ

          (ဃ)    ပုဂ္ဂလိကတိုင်းရင်းဆေးဝါးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူဝန်ထမ်းများ

၂။      သို့ဖြစ်ပါ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တက်ရောက်လိုသော သင်တန်းသားများ အမည်စာရင်းအား (၁-၁၀-၂၀၁၈)ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ပါရန်နှင့် သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေး (၃၀၀၀၀) ကျပ်အား သင်တန်းစတင်တက်ရောက်သည့် နေ့တွင် ပေးသွင်းရန်ဖြစ်ပါကြောင်း၊ သင်တန်း၌သင်ကြားမည့်အကြောင်းအရာ၊ နေ့ရက်နှင် အချိန် ဇယားများအား ပူးတွဲ၍ အကြောင်းကြားပါသည်။

 

 

(ကျော်သိန်းဌေး)

ခေတ္တညွှန်ကြားရေးမှူးချုပ်

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ