the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးအရာရှိရာထူးဖြင့် အလုပ်တာဝန် စတင်ထမ်းဆောင် မည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ (၂၄)ရက်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့နေ့လည်ပိုင်းအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)တွင်၊ နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ဦးစီးအရာရှိရာထူးဖြင့် အလုပ်တာဝန်စတင် ထမ်းဆောင်မည့် ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) (၁၃)ဦးနှင့် ဦးစီးအရာရှိ(ကွန်ပျူတာ)(၁၄)ဦးတို့ကို လက်ခံတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက-

  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးအရာရှိရာထူးဖြင့် အလုပ်တာဝန် စတင်ထမ်းဆောင်မည့် ဝန်ထမ်းများကို ကြိုဆိုပါကြောင်း၊
  • ဝန်ကြီးဌာနသည် ယခု (၂၀၁၈) ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of data and information)၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရန် ကျိုးကြောင်းဆီလျော်စွာ အသုံးပြုရေးနှစ် (Year of rational allocation of budget)အဖြစ် သတ်မှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသဖြင့် ယခုတာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများသည် ဝန်ကြီးဌာန၏ လုပ်ငန်းများကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊
  • မိမိသက်ဆိုင်ရာကဏ္ဍတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိ နားလည်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊
  • အခက်အခဲများရှိပါကလည်း သက်ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများထံ ပွင့်လင်းစွာ အသိပေးစေပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဒုတိယညွှန်ကြာရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်၊ စီမံ/ဘဏ္ဍာဌာနခွဲမှ ဒုတိယညွှန်ကြာရေးမှူးချုပ် ဒေါ်အေးအေးစိန်၊ ကျန်းမာရေး သတင်းအချက်အလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်သက်မူ၊ ဝယ်ယူဖြန့်ဖြူးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ