the republic of the union of myanmar

ministry of health

Department of Traditional Medicine

ထိုင်းနိုင်ငံ Department of Thai Traditional and Alternative Medicine (DTAM) မှ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

၂၀-၉-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Department of Thai Traditional and Alternative  Medicine (DTAM), Ministry of Public Health, Thailand မှ ညွှန်ကြားရေးမှူး Mr.Wattanasak Sornrung ဦးဆောင်၍ Mrs. Srichanya Shotuk, Dr.Supattra Rungsimakan, Miss Sangrawee Thongtang, Miss Pitchayarat Wanvuttikul, Mr.Piyatas Jaiyen, Ms. Chutarat Thawasean နှင့် Ms.Supasinee Ratanaburi တို့လိုက်ပါလျက် အဖွဲ့ဝင်(၁၀)ဦး တို့သည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။

နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အမျိုးသားပရဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာခဲ့ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ဖွံ့ဖြိုးရေးဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည် ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးတို့နှင့်အတူ အမျိုးသား ပရဆေးယျာဉ်မှ တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသခဲ့ပါသည်။ အဆိုပါ လာရောက် လေ့လာသောအဖွဲ့သည် တိုင်းရင်းဆေးပညာပြတိုက်အတွင်း ခင်းကျင်းပြသထားသော တိုင်းရင်းဆေးပညာဆိုင်ရာ ပြကွက်များ၊ စာပေများ၊ ဗုဒ္ဓဝင်ပြကွက်များ၊ ဝိဇ္ဇာဓရပြကွက်များကို စိတ်ပါဝင်စားစွာ ကြည့်ရှူလေ့လာခဲ့ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံများ ရိုက်ကူး ခဲ့ကြပါသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် အဆိုပါအဖွဲ့သည် ရုံးအမှတ် ၄၇ တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများဖြစ်ကြသော စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ကုသရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်းတို့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်နှစ်နိုင်ငံအကြား ပေါင်းစပ်ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးကြ ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသန/ဖွံ့ဖြိုးရေးဌာန မှ ဒေါက်တာသိန်းဇော်လင်းက တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်းနှင့် သိရှိရန်လိုအပ်သော အချက်များကို Power point ဖြင့်ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ Strategy and Plan Group Technical and Planning Division, DTAM  မှ Mrs.Srichanya Shotuk က National Policy on Traditional Medicine and Herbal Product Development towards People’s Health and Country’s Economy အကြောင်းကို Power point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များမှ အချင်းချင်းသိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ