the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပရဆေးပင်များစိုက်ပျိုးထားရှိမှု တိုင်းရင်းဆေးပညာပြတိုက်အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားသိရှိရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အမျိုးသားပရဆေးဉယျာဉ်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသွားရောက်ကြည့်ရှုခြင

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ  ၁၃  ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိန်ဝင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် အမျိုးသားပရဆေးဉယျာဉ် နေပြည်တော်သို့ သွားရောက်၍ ဥယျာဉ်အတွင်း ပရဆေးပင်မျိုးစုံ စိုက်ပျိုးထားရှိမှုများ၊ တိုင်းရင်းဆေးပညာပြတိုက်တွင်ဆေးဘက်ဝင်ပစ္စည်းများ၊ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာများပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပရဆေးဥယျာဉ်များတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင်  လိုအပ်အပ်များကို ဆွေးနွေး ခဲ့ပါသည်။

ထိုသို့သွားရောက်စဉ် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ-

  • နိုင်ငံတစ်ဝန်းတွင် အမျိုးသားပရဆေးဉယျာဉ်၊ ရေဆင်းပရဆေးဉယျာဉ်၊ ရေတံခွန်ပရဆေးဉယျာဉ်၊ ဖောင်းတောပရဆေးဉယျာဉ်၊ ဆည်ပေါက်ပရဆေးဉယျာဉ်၊ ရွာသာကြီးပရဆေးဉယျာဉ်၊ ကြို့ကုန်းပရဆေးဉယျာဉ်၊ ကန်သာယာပရဆေးဥယျာဉ်ဟူ၍ ပရဆေးဉယျာဉ်(၈)ခုတွင် ပရဆေးပင်များစိုက်ပျိုးထားရှပြီး ပရဆေးဉယျာဉ်များမှ ပရဆေးပင်များကို တိုင်းရင်းဆေးဝါးစက်ရုံသို့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊
  • ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ပရဆေးဉယျာဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့လုပ်ငန်းစဉ်များချမှတ်ရေး အစည်းအဝေးကိုကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ချမှတ်ထားသော လုပ်ငန်းစဉ်များကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
  • ပြည်သူများဆေးဘက်ဝင်အပင်များနှင့် ပတ်သက်၍ အသိပညာတိုးပွားစေရန်အတွက် ဆေးဘက်ဝင်အမယ် (၁၂၀) ပါဝင်သော စာအုပ်ကိုလည်း ပြုစုထုတ်ဝေခဲ့ကြောင်း
  • နိုင်ငံတကာတွင် တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်းလေ့လာ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပြီး ပရဆေးဉယျာဉ်တွင် လုပ်ငန်းဆောင်ရွက်ထား ရှိမှု အစီရင်ခံစာများ၊ မှတ်တမ်းများကို တင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်-

  • နိုင်ငံအတွက် တိုင်းရင်းဆေးပညာ၏ ပြရုပ်သဖွယ်ဖြစ်သော အမျိုးသားပရဆေးဉယျာဉ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးကြောင်း၊
  • တိုင်းရင်းဆေးပညာအပါအဝင် ဆေးပညာရပ်တိုးတက်ဖွံ့ဖြိုးရန်အတွက် သုတေသနလုပ်ငန်းများသည် အထူးအရေးကြီးသဖြင့် လုပ်ဆောင်စေလိုကြောင်း၊
  • အသိအမြင်ကျယ်ရန်နှင့် ခေတ်မီနည်းစနစ်များကို သိရှိလေ့လာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင်ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင်ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာရန် လိုအပ်ကြောင်း၊
  • ပရဆေးဉယျာဉ်များတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ အစီရင်ခံစာများ မှတ်တမ်းများ ပြုစုထားရှိသည်မှာ ကောင်းမွန် စနစ်ကျကြောင်း၊ ပိုမိုကောင်းမွန်၍ အချိန်ကုန်သက်သာစွာ ဆောင်ရွက်နိုင်ရန် ကွန်ပျူတာစနစ်ကိုအသုံးပြု၍ ဆောင်ရွက် စေလိုကြောင်း၊
  • ပရဆေးဉယျာဉ်သို့ လာရောက်ကြည့်ရှုလေ့လာသူများကို ပေးအပ်နိုင်ရန်အတွက် ပရဆေးဉယျာဉ်၏အကြောင်းအရာ၊ ဆေးဘက်ဝင်အပင်များအကြောင်း၊ တိုင်းရင်းဆေးပညာအသိပညာများစသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ပြုစုစေလိုကြောင်း၊
  • အိမ်တွင်းမီးဖိုချောင်မှ ဆေးဘက်ဝင် အပင်၊ အရွက်၊ အသီး၊ အပွင့်များကို ပြည်သူများ သိရှိသုံးစွဲနိုင်ရန်အတွက် စာအုပ်ပြုစုထုတ်ဝေစေလိုကြောင်း၊
  • လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရယူ၍ ပရဆေးပင်များကို ပိုမိုတိုးမြှင့် စိုက်ပျိုးကာ ပြည်တွင်း/ပြည်ပ ဆေးဝါးစက်ရုံများသို့ ရောင်းချနိုင်စေရန် ဆောင်ရွက်စေလိုကြောင်း၊
  • ပရဆေးဉယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လစဉ်ပုံမှန်စုပေါင်းဆွေးနွေးတိုင်ပင်ကာ ဆောင်ရွက်စေလိုကြောင်းနှင့် ဝန်ကြီးဌာနမှလိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ