the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ဆောင်ရွက်ချက်များ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ် ဌာနခွဲ၊ ဆေးဝါးမှတ်ပုံတင်ဌာနစိတ်အနေဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်များ လက်ခံစိစစ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းရင်း‌ဆေးပညာဦးစီး ဌာန၊ ရုံးအမှတ်(၄၇)မှ တိုင်းရင်း‌ဆေးပညာဦးစီးဌာန (ရုံးချုပ်) အဆောက်အဦသစ်၊ ရုံးအမှတ်(4-C) သို့ ဌာနမှပစ္စည်းများ၊ ပရိဘောဂများ၊ စာရွက်စာတမ်းများ၊ ဖိုင်များအား စနစ်တကျ ပြောင်းရွှေ့ရန် လိုအပ်ပါ၍ မှတ်ပုံတင်လက်ခံစိစစ်ခြင်း နှင့် ထုတ်လုပ်ခွင့်လုပ်ငန်း လိုင်စင်များလက်ခံစိစစ်ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ (၂၇)ရက်နေ့ (တနင်္လာနေ့) မှ အောက်တိုဘာလ (၃၁)ရက်နေ့ (သောကြာနေ့) အထိ ခေတ္တ ဆိုင်းငံ့ရပ်နားထားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျိုင်းတုံတိုင်းရင်းဆေးရုံတွင် ၁၂.၉.၂၀၂၅ရက်နေ့ နေ့လယ် (၁း၀၀)နာရီတွင် CTMEအခမ်းအနား ကျင်းပရာ အစီအစဉ်အပိုင်း(၁)တွင်   သဘာပတိအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း အစိုးရအဖွဲ့ခွဲ အဖွဲ့ဝင်(၂)၊ ဦးမင်းညို အာခါတိုင်းရင်းသားရေးရာ အကြီးအကဲ၊ ကျိုင်းတုံမြို့နှင့် ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ  ဦးနိုးဝေ တို့က ဆောင်ရွက်ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဗိယက်နမ်နိင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပသည့်အရှေ့တောင်အာရှနိုင်ငံများ၏ တိုင်းရင်းဆေး ကုန်ကြမ်းများနှင့်ပတ်သက်သည့် အရည်အသွေးမီ သုတေသနပြုလုပ်ခြင်းးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးပွဲကို (၂၆-၈-၂၀၂၅)ရက်နေ့မှ (၂၇-၈-၂၀၂၅) ရက်နေ့ အထိ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးဝါးစက်ရုံမှ စက်ရုံမှူး ဦးသန်းထွန်းအောင်နှင့် ဆေးဝါးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး တို့ တက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပပြုလုပ်သော Workshop on Biostatistics (2025) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့ နံနက် (၈:၃၀)အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်နယ်မြေ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ၊ ဧကရာဇ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစွမ်းရည်မြင့်မားရေးသင်တန်း (အကြောပညာ) ၂/၂၀၂၅ သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၇-၈-၂၀၂၅ရက်နေ့  ညနေပိုင်းတွင် ရန်ကုန်ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး ပဒေသရာဇာခန်းမတွင် ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း