the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ကွင်းဆင်းဆောင်ရွက်မှု

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

နေပြည်တော် ခုတင်(၁၀၀)ဆံ့၊ တိုင်းရင်းဆေးရုံကြီး၊ ကလေးရောဂါကုဌာနကဆရာမများ ဦးဆောင်၍ (၁၄.၇.၂၀၁၈) ရက်နေ့တွင် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာရှိ ပြည်သူများအားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးရန် အတွက် အခမဲ့ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ပါသည်။ ၎င်းသစ်ဆိမ့်ပင်ကျေးရွာတွင် အိမ်ခြေ (၂၄၀)၊ လူဦးရေ(၁၉၂၀) ခန့်ရှိပြီး လယ်ယာလုပ်ငန်းအဓိကလုပ်ကိုင်ကြသူများဖြစ်ပါသည်။ ဆေးကုသမှုကို နံနက်(၉:၃၀)မှစတင်၍ ဆောင်ရွက်ခဲ့ရာလူနာစုစုပေါင်း (၁၆၁)ဦးအား ဆေးကုသမှု ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ အများဆုံး ကုသပေးခဲ့ရသော ရောဂါများမှာအဆစ်ရောင်ရောဂါ(ဒူး၊ ဇက်၊ ခါး) ၄၈ ဦး၊ အကြောတက်ကိုက်ခဲရောဂါ (၃၃)ဦး၊ သွေးတိုးရောဂါ (၁၂) ဦး၊ ဝဲယားနာ (၁၀)ဦး၊ ထုံနာကျဉ်နာ (၉)ဦးဖြစ်ပြီး အများဆုံးလာရောက် ကုသခံယူသူများမှာ အသက်(၄၀) မှ (၄၉)နှစ် အတွင်းရှိသူများ ဖြစ်ပါသည်။

ထို့အပြင် လိုအပ်သောလူနာများအားသင့်လျော်ရာဆေးရုံဆေးခန်းများသို့သွားရောက်၍ ဆက်လက်ဆေးကုသမှုခံယူရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှထုတ်ဝေသော ကျန်းမာရေးပိုစတာများ၊ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း