၂၀၁၈ သြဂုတ်လ ၁၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် Knowledge sharing talk အစီအစဉ်ကိုကျင်းပခဲ့ပါသည်။ ပထမဦးစွာ ခတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး တရုတ်နိုင်ငံ University of Traditional Chinese Medicine အကြောင်း အနည်းငယ်ပြောပြပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဇင် က Study in Yunnan University of Traditional Chinese Medicine ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခြင်းအား ဒေါ်မေသဇင်က ပြန်လည်ဖြေကြားခဲ့ ပါသည်။ ၄င်းနောက် သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။