the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ခုနှစ်၊ ဇူလိုင်လ၊ ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတင်ပြခြင်း

၁။        စာအုပ်စာနယ်ဇင်းများတွင် ပညာပေးရေးသားခြင်း/ အသံလွှင့်ခြင်း -

            သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ် အတွက်

            ( ၁)      ဝဲယားနာအကြောင်းသိကောင်းစရာ

            (၂ )      ဥတုနှင့်အညီကျန်းမာဖို့တိုင်းရင်းဆေးဖြင့်ကာကွယ်စို့

            ( ၃)      နေကြာပင်နှင့် နေကြာဆီ

            (၄)       ရွက်ကျပင်အကြောင်းတို့ကိုအသံသွင်းခဲ့ပါသည်။

 

၂။         စာအုပ်/စာစာင်/ ပိုစတာများရိုက်နှိပ်ခြင်း

            တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ်( ၃၁) ထုတ်ရန်အတွက် စာမူများဖိတ်ခေါ်ခြင်း

            တုပ်ကွေးစာစောင်ထုတ်ဝေနိုင်ရန် မူကြမ်းဆောင်ရွက်ပြီးစီးခြင်း

 

၃။        စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME)

           ဖွံ့ဖြိုးရေးဌာနစိတ်နှင့်ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပခဲ့သော(အစာမကြေခြင်းအကြောင်း)ဖတ်ကြားညှိနှိုင်းဆွေးနွေးခဲ့ပါသည်။     

 

၄။        တိုင်းရင်းဆေးဝါးကြော်ငြာများစိစစ်ခြင်း

             TV       ကြော်ငြာ -        ၂ခု

             Radio ကြော်ငြာ-          ၃ခု

             မဂ္ဂဇင်းကြော်ငြာ-           ၉ ခု

 

၅။        ပြခန်းများဖွင့်လှစ်ခြင်းနှင့် စာကြည့်တိုက်ထိန်းသိမ်းခြင်း

            ၁၆.၇.၂၀၁၈ရက်နေ့တွင် ပျဉ်းမနားမြို့ အလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မူလတန်း ကျောင်းသား/ကျောင်းသူ(၁၀)ဦးနှင့် ဆရာမ(၄)ဦးတို့သည် နေပြည်တော်ပရဆေးဥယျာဉ် အတွင်းရှိ တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာမှုအားဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာမများက ရှင်းလင်း ဖြေကြားခြင်း၊မှတ်တမ်းတင်ဓာတ်ပုံများရိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 

၆။        www.dtm.gov.mm website ပေါ်တွင်တင်သောအချက်အလက်များ

            သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်အတွက်ထုတ်လွှင့်နိုင်ရန် အသံသွင်းပြီးသောစာမူ(၄) ပုဒ်အား website တင်ရန်ပေးပို့ခြင်း၊

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ