the republic of the union of myanmar

ministry of health

Department of Traditional Medicine

web mail ဆောင်ရွက်ခြင်းနှင့် အသုံးပြုပုံနည်းလမ်းများနှင့်ဝန်ထမ်းများအတွက် ရုံးယူနီဖောင်းဝတ်စုံများအား လှူဒါန်းခြင်း အခမ်းအနား

၇-၈-၂၀၁၈ ရက်​နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်  ဆရာ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)ရှိ ဝန်ထမ်းများအတွက် ရုံးယူနီဖောင်းဝတ်စုံများအား လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးကျော်သိန်းဌေးက ယူနီဖောင်းများ လှူဒါန်းပေးပါသော ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာဦးမောင်မောင်ဦးအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားကာ ကိုယ်စားလှူဒါန်းပေးပြီး စီမံဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ကုသရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ သုတေသန/ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်း၊ ဆေးဝါး/ဥယျာဉ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းတို့မှ သက်ဆိုင်ရာဌာနခွဲကိုယ်စား လက်ခံရယူပါသည်။ ထို့နောက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက မိမိတို့ဝန်ထမ်းများအား ပြန်လည် လှူဒါန်းပေးပါသည်။

ထိုအစီအစဉ်ပြီးနောက် ဒေါ်လှိုင်ယဉ်မွန်ဦးမှ web mail server အခြေခံလုံခြုံရေး ပိုမို မြင့်မားသော web mail ဆောင်ရွက်ခြင်းနှင့် အသုံးပြုပုံနည်းလမ်းများအားဆွေးနွေးတင်ပြပါသည်။ web mail များအား ဦးစီးအရာရှိနှင့်အထက်အဆင့်ထိ အရာထမ်းများအားလုံး သုံးစွဲရမည်ဖြစ်ပါသည်။ ၄င်းသည် e-government ကို အကောင်အထည်ဖော်ရာတွင်များစွာ အထောက်အကူ ဖြစ်စေပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ