၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နေပြည်တော်ရှိ မျက်စိ၊ နားနှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက မဟော်ဂနီပင်ကို စိုက်ပျိုးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။