the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ် (၃၁)တွင် ပါဝင်ရေးသားရန် စာမူများ ဖိတ်ခေါ်ခြင်း။

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၁၇၁ ) 

ရက်စွဲ၊    ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၂၅   )ရက်

သို့

    -----------------------------------

    -----------------------------------

 

အကြောင်းအရာ။တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ် (၃၁)တွင် ပါဝင်ရေးသားရန်    စာမူများ ဖိတ်ခေါ်ခြင်း။

              အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်  (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာမဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီက တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ် (၃၁) ကိုထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

              သို့ဖြစ်ပါ၍ စာပေပညာရှင် စာရေးဆရာကြီး/ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာရှင်များ နှင့် ဝါသနာရှင်များအနေဖြင့် သုတ/ ရသဆိုင်ရာဆောင်းပါး/ ကဗျာ/ ဝတ္ထု/ ကာတွန်းများကို အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ၊ ဖွံ့ဖြိုးရေးဌာနစိတ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၇)၊ နေပြည်တော်သို့ လိပ်မူပြီး (၃၀.၉.၂၀၁၈)ရက်နေ့ နောက်ဆုံးထား၍ စာမူများ ပေးပို့နိုင်ပါကြောင်း အကြောင်းကြားဖိတ်ခေါ်အပ်ပါသည်။

 

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

ဒေါက်တာသိန်းဇော်လင်း( ညွှန်ကြားရေးမှူး၊ သု/ဖွံ့)

 

မိတ္တူကို-

၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

၂။ ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန

၃။ ရုံးလက္ခံ/ မျှောစာတွဲ

ပူးတွဲအပြည့််အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ