၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ (၄) ဦးနှင့် မူလတန်းကျောင်းသား /ကျောင်းသူ (၁၀)ဦးတို့သည် နေပြည်တော် ပရဆေးဥယျာဉ်အတွင်းရှိ တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာမများက တိုင်းရင်းဆေးဝါးများဝယ်ယူရာတွင် သတိပြုရမည့်အချက်များနှင့် ကလေးမီးဖွားရာတွင် လွယ်ကူစေရန် ရွတ်ဖတ်ရသည့် အင်္ဂုလိမာလသုတ်တော်အကြောင်းတို့ကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် ပြတိုက်အတွင်းရှိ ပြသထားသည့် ပြကွက်များအကြောင်းကို မေးမြန်း လေ့လာမှတ်တမ်း ပြုသွားခဲ့ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။









