the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သားဖွားသင်တန်းသူများအား အခြေခံတိုင်းရင်းဆေးပညာ ရက်တိုသင်တန်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သားဖွားသင်တန်းသူများအား အခြေခံတိုင်းရင်းဆေးပညာ ရက်တိုသင်တန်းပေး

၂၀၁၈ ခုနှစ် ဇူလှိုင်လ (၉)ရက်နေ့မှ(၁၁)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူပေါင်းပြီး တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါနှင့် ဆရာ/ ဆရာမ (၃)ဦး တို့သည် မြိတ်မြို့နယ် သားဖွားသင်တန်းကျောင်းရှိ သင်တန်းသူ (၄၈)ဦးတို့အား အခြေခံ တိုင်းရင်းဆေး ပညာပေး ရက်တိုသင်တန်း သင်ကြားပေးခဲ့ပါသည်။

 

အဆိုပါ သင်တန်းတွင် မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းနှင့် အထွေထွေဗဟုသုတ၊ မြန်မာ့ တိုင်းရင်းဆေးပညာ အခြေခံသဘောတရား၊ ဒေသရာသီဥတုအလိုက် ယေဘူယျဖြစ်တတ်သော ရောဂါငယ်များ၊ ရောဂါအလိုက်သုံးစွဲနိုင်သော ဆေးဖက်ဝင်အပင်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနသုံးဆေးဖုံများ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများ အသုံးပြုပုံနှင့် မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်အပင်များ၊ တိုင်းရင်းဆေးပညာဖြင့် ဆောင်ရန်/ရှောင်ရန်နှင့် သတိပြုရန် နည်းလမ်း များ၊ ကြပ်ထုပ်နှင့် အထွေထွေကုထုံး၊ တိုင်းရင်းဆေးပညာအဓိပ္ပာယ်ဖွင့်ဆိုချက် စသည့် အကြောင်း အရာများကို သင်ကြားပို့ချပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ