the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၈.၆.၂၀၁၈) ရက်နေ့တွင် ကျုံဘိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆေးကုသခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း အကြောင်းအရာများ

 

ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၈.၆.၂၀၁၈) ရက်နေ့တွင် ကျုံဘိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆေးကုသခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း အကြောင်းအရာများ

          ၁၈.၆.၂၀၁၈ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမ(၂)ဦးနှင့် ကော့ကရိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆရာမ(၁)ဦးတို့သည် ခရိုင်ဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ကော့ကရိတ်မြို့နယ်၊ ကျုံဘိုင်းကျေးရွာအုပ်စုသို့သွားရောက်၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နွယ်နီထိုက်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှထုတ်ဝေသော (၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ) လက်ကမ်းစာစောင်ပါ ဥတုဘောဇန သင်္ဂဟကျမ်းလာကျန်းမာစေကြောင်းနည်းလမ်းကောင်းများနှင့် လူတိုင်းသန့်(၃)ရပ်ကိုလွယ် ရှင်း(၃)သွယ်ကိုဆောင် ခေါင်းစဉ်များမှ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိမ်တွင်းသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရတု(၆)သွယ်သိမှတ်ဖွယ်ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ဝေသော အခြေခံတိုင်းရင်းဆေး ပညာပေး ရက်တိုသင်တန်း လက်စွဲစာအုပ် ( ၂၀၁၈ မတ်လ )ပါ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချက်များနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောရာတွင် ကျောင်းသား/သူများ စုစုပေါင်း (၄၉)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသမှုခံယူခဲ့သော လူနာဦးရေမှာ ကလေး လူနာ ကျား (၂) ဦးနှင့် မ (၅) ဦး၊ လူကြီးလူနာ ကျား (၁) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၂၅) ဦးတို့ကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

 

 

 

                                                                                               

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း