၁။ စာအုပ်စာနယ်ဇင်းများတွင် ပညာပေးရေးသားခြင်း/ အသံလွှင့်ခြင်း -
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်အတွက်
( ၁) ခံတက်တစ်ပင်လုံးဆေးအသုံး
(၂ ) အဆစ်ရောင်ရောဂါနှင့် တိုင်းရင်းဆေးပညာ
( ၃) တန်ဖိုးထားအားထားစရာအညာကထန်းပင်ပါ
(၄) အိပ်မပျော်ခြင်းအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအကြောင်းတို့ကိုအသံသွင်းခဲ့ပါသည်။
၂။ MRTVတွင် ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာပေးအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရန်အတွက်-
(၁) ကံ၊ စိတ်၊ ဥတု၊ အာဟာရ
(၂) လူလည်းကျန်းမာငွေလည်းသက်သာတိုင်းရင်းဆေးကိုသုံးစွဲပါ
(၃) ဝက်သက်ရောဂါအကြောင်းသိကောင်းစရာ
(၄) သွေးဆုံးမီးယပ်ရောဂါနှင့် တိုင်းရင်းဆေးပညာ
(၅) ဥတုနှင့် အညီလိုက်နာနေထိုင်စားသောက်ပါ
(၆) အိမ်တိုင်းဆောင်ပေးမြန်မာ့တိုင်းရင်းဆေး
(၇) တိုင်းရင်းဆေးဝါးဆိုသည်မှာ
စာမူ(၇) ပုဒ်တို့ကိုရေးသားပြုစုကာ emailပို့ခြင်းတို့ဆောင်ရွက်ထားပါသည်။
၂။ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME)
- ကလေးသူငယ်နာသွက္ချာပါဒရောဂါအကြောင်းဆောင်ရွက်ကျင်းပခဲ့ပါသည်။
၄။ တိုင်းရင်းဆေးဝါးကြော်ငြာများစိစစ်ခြင်း
- TV ကြော်ငြာ - ၁ ခု
- Radio ကြော်ငြာ- ၁ ခု
၅။ အစည်းအဝေးမှတ်တမ်း
- ၁၅.၅.၂၀၁၈ ရက်နေ့တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တမ်းရေးသားခဲ့ပါသည်။
၆။ www.dtm.gov.mm website ပေါ်တွင်တင်သောအချက်အလက်များ
-သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်အတွက်ထုတ်လွှင့်နိုင်ရန် အသံသွင်းပြီးသောစာမူ(၄) ပုဒ်အား website တင်ရန်ပေးပို့ခြင်း
-၂/၂၀၁၈ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးဓာတ်ပုံများအား website တင်ရန် ပေးပို့ခြင်း
၇။ အထွေထွေ
- ၁၅.၅.၂၀၁၈ ရက်နေ့တွင် ဖတ်ပြီးပြန်ထားအငှားစာအုပ်စင်ဖွင့်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊
- ၁၅.၅.၂၀၁၈ ရက်နေ့တွင်ပြည်နယ်နှင့်တိုင်းဒေသကြီးဦးစီးဌာနမှူးများထံMHP Vol-2၊ အခြေခံ တိုင်းရင်းဆေးပညာပေးရက်တိုသင်တန်းလက်စွဲစာအုပ်၊ ကျန်းမာစေကြောင်းနည်းလမ်းကောင်းစာစောင်၊ ဥတုဘောဇနသင်္ဂဟကျမ်းလာကျန်းမားစေကြောင်းနည်းလမ်းကောင်းများလက်ကမ်းစာစောင်တို့ကိုဖြန့်ဝေပေးခြင်း၊
- ပြန်ကြားရေးဝန်ကြီးဌာနမှ တောင်းခံလာသောနေပြည်တော် Entertainment City အကောင်အထည်ဖော်နိုင်ရန် ဇာတ်လမ်းတွဲရိုက်ကူးရာတွင် ပါဝင်နိုင်ရေးအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာနရှိခုတင်(၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ အမျိုးသားပရဆေးဥယျာဉ် (နေပြည်တော်) တို့နှင့် ပတ်သက် သောအချက်အလက်များရေးသားပေးပို့ခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။