the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရာသီတုပ်ကွေးရောဂါအကြောင်း” အသိပညာပေး ဟောပြော

(၂၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီး နှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃-၁၁-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး (ကထ) ဦးစိုင်းနောင်နောင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်လဲ့နှင်းဝေတို့သည် မြို့မရပ် အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး အား “ရာသီတုပ်ကွေးရောဂါအကြောင်း” အသိပညာပေး ဟောပြောခဲ့ပြီး ကျား (၂၀)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၄၀)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တိုင်းရင်းဆေးပညာ
အိမ်ရှင်မများအတွက် ကျန်းမာရေးလက်ဆောင်စကား၊ ကြောင်လျှာပင်၏ဆေးဖက်ဝင်ပုံများ
အိမ်ရှင်မများအတွက် အစာလည်းဆေး ဆေးလည်းအစာ ကန်စွန်းပင်အကြောင်းသိကောင်းစရာ
ဆေးဖက်အသုံးဝင် ငရံ့ပတူပင်