ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၁-၂၀၂၆) ရက်နေ့တွင်ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာသို သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူကြီး-ကျား (၁၃)ဦး၊ မ (၂၇) ဦး၊ စုစုပေါင်း (၄၀) ဦးတို့အား ဆေးကုသပေးခဲ့ပြီး "ကျီးပေါင်းရောဂါအကြောင်း" ကိုလူဦးရေ (၅၀) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

