ကျန်းမာရေးဝန်းကြီဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆.၁၁.၂၀၂၆) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မြင့်သန်းသည် အ-မ-က (စာရေးကြီးကုန်း) ကျောင်းသို သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား "ဝမ်းပျက်ဝမ်းလျောရောဂါ" အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား (၂၀)ဦး၊ ကျောင်းသူ (၂၅)ဦးတိုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

