ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် အဖွဲ့သည် (၆.၁၁.၂၀၂၆) ရက်နေ့တွင် အမှတ် (၁၄) ရပ်ကွက် အာရောဂျံ ပရဟိတအသင်းရုံးတွင် "ယားနာရောဂါအကြောင်း" သိကောင်းစရာများဟောပြောခဲ့ပြီး လူကြီး- ကျား (၁၅)ဦး၊ လူကြီး-မ (၃၇)ဦး၊ ကလေး-မ (၁)ဦး၊ စုစုပေါင်း (၅၃)ဦးတိုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

