ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေ၀င်း ဦးဆောင်သော အဖွဲ့သည် (၅-၁၁-၂၀၂၆) ရက်နေ့မှ နံနက် (၉:၀၀)နာရီမှ နံနက် (၁၁:၃၀) အချိန်အထိ မြစ်သားမြို့၊ ရွှေသူဌေး အ-မ-က ကျောင်းသို့ သွားရောက်၍ ကျောင်း ကျန်းမာရေး ဆောင်ရွက်ခဲ့ရာ ကလေး ကျား (၄၆)ဦး၊ ကလေး မ (၆၃)ဦး၊ စုစုပေါင်း (၁၀၉)ဦး တို့အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး “အယ်လ်နီညိုပူကြောင့်ဖြစ်သောရောဂါများ အကြောင်း”ကို လူဦးရေ (၄၈)ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


