the republic of the union of myanmar

ministry of health

Department of Traditional Medicine

“စူပါအယ်လ်နီညိုအကြောင်း” ပညာပေးဟောပြော

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နေနွယ်လင်း နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြု၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသန္တာထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ထားအိဝင်းတို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၅-၁၁-၂၀၂၆) ရက်၊ ကြာသပတေးနေ့ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီ အချိန်အထိ မြို့မကွက်သစ် အ-မ-က၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ “စူပါအယ်လ်နီညိုအကြောင်း”  လူကြီး-မ (၂၀)ဦး၊ ကလေး-ကျား (၅၀)ဦး၊ ကလေး-မ (၈၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီး လူကြီး-မ (၁၅)ဦး၊ ကလေး-ကျား  (၁၅)ဦး၊ ကလေး-မ (၂၆)ဦး၊ စုစုပေါင်း (၅၆)ဦးတို့အား သောက်ဆေးနှင့် လိမ်းဆေးများပေးပြီး ဆေးကုသမှုဆောင်ရွက် ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တိုင်းရင်းဆေးပညာ
အိမ်ရှင်မများအတွက် ကျန်းမာရေးလက်ဆောင်စကား၊ ကြောင်လျှာပင်၏ဆေးဖက်ဝင်ပုံများ
အိမ်ရှင်မများအတွက် အစာလည်းဆေး ဆေးလည်းအစာ ကန်စွန်းပင်အကြောင်းသိကောင်းစရာ
ဆေးဖက်အသုံးဝင် ငရံ့ပတူပင်