the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈) အစည်းအဝေး

၂၀၁၈ ခုနှစ် မေလ ၂၂ ရက် တွင် ရုံးအမှတ် (၄၇) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံတိုင်းရင်းဆေးဝါး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၈)ကို ကျင်းပခဲ့ပါသည်။ 

အဆိုပါ အစည်းအဝေးသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးကျော်သိန်းဌေးနှင့်တကွ ညွှန်ကြားရေးမှူးများ၊ ဒုတိယရဲချုပ်၊    ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊  ကုသရေးဦးစီးဌာန ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာမှ ကိုယ်စားလှယ်(၁)ဦး၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်၊ အဖွဲ့ဝင်များဖြစ်သော ဦးအောင်မြတ်ကျော်၊ ဦးဝင်းမြင့်၊ တိုင်းရင်းဆေးကောင်စီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်(၉)ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)မှ ဥက္ကဋ္ဌ ဦးသန်းညွှန့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးပေါညိမ်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးနှင့် အဖွဲ့ဝင်(၁)ဦး တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ  တက်ရောက် ဆွေးနွေးခဲ့ပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ