ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းသည် (၃၁-၁၀-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ နံနက် (၁၁:၀၀) နာရီအချိန်အထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ တကွင်းကေျးရွာနှင့် မြို့သစ်ကလေးကျေးရွာသို့ သွားရောက်၍ “အယ်လ်နီညိုကြောင့်ဖြစ်ပေါ်နိုင် သည့် ကျန်းမာရေးပြဿနာများ” အကြောင်းကို လူဦးရေ (၁၇၅)ဦးအား အသိပညာပေး အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

