ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၀-၂၀၂၆) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်းမြို့ ဆည်းဆာရိပ်ငြိမ် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကျား (၃)ဦး၊ မ (၂၇)ဦး၊ စုစုပေါင်း (၃၀)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းနှင့် “ကျီးပေါင်းရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

