the republic of the union of myanmar

ministry of health

Department of Traditional Medicine

သွေးတိုးရောဂါအကြောင်း

တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော်ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီးဦးသန်းညွှန့် နှင့် ဆရာကြီးဦးသောင်းလွင်တို့မှ ဆောင်ရွက်ခဲ့ပါသည်။

 

     အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဒုတိယဝန်ကြီး ဦးတင်ထွဋ် နှင့်တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်တို့ကတက်ရောက် အားပေး ချီးမြှင့် ပါသည်။

 

     ထို့နောက် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှအကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာမြတ်မှ သွေးတိုးရောဂါအကြောင်းကိုဆွေးနွေးရာတွင် သွေးတိုးရောဂါလက္ခဏာများ၊ လေ၊ သည်းခြေ၊သလိပ်ကြောင့်ဖြစ်သော သွေးတိုးရောဂါများ၏ ကုထုံးများ၊ အထောက်အကူပြုကုထုံးများ၊ ပဥ္စကမ္မကုထုံးများ၊ ဆေးနည်းများ၊ သွေးတိုးရောဂါရှင်များလိုက်နာဆောင်ရွက်ရန် ရှောင်ကျဉ်ရန်နှင့် သွေးတိုးရောဂါ မဖြစ်ပွားစေရန် ကာကွယ်နည်းများအကြောင်းကို ဆွေးနွေး ပါသည်။

 

     ဆက်လက်ပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှဒေါ်သက်နှင်းဦးက သွေးတိုးရောဂါတွင်အသုံးပြုသောဆေးဝါးနှင့်ဆေးပင်များအကြောင်းကို ဆေးပင် ၃၂ ပင်၏ ရုက္ခဗေဒအမည်၊အင်္ဂလိပ်အမည် နှင့် အသုံးပြုအစိတ်အပိုင်း၊ အသုံးပြုပုံတို့ကို တိုင်းရင်းဆေးကျမ်းများပါ အသုံးပြုပုံနှင့် တိုင်းရင်းဆေးဆရာကြီးများ၏ လက်တွေ့အသုံးပြုမှုများကို တင်ပြခဲ့ပြီး သွေးတိုးရောဂါတွင် အသုံးပြုမှုများသော ဆေးပင် ရ ပင်အကြောင်းကို သုတေသန တွေ့ရှိချက် မှတ်တမ်းများကို ဆွေးနွေးခဲ့ပါသည်။

 

     ဆက်လက်ပြီး နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဦဝေဝင်းက မိုးကြိုးသွားဖြင့် သွေးတိုးရောဂါကုသခြင်းအပေါ် ဆွေးနွေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ