၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံဖြိုးရေးဌာနစိတ်နှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တို့ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေး ပညာစဉ်ဆက်မပျက်ပညာပေးရေးအစီအစဉ်(CTME) အခမ်းအနားတွင် ဝဲ၊ ယားနာ ခေါင်းစဉ်ဖြင့် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားကို အစီအစဉ်(၇) ရပ်ဖြင့်ကျင်းပပြီး သဘာပတိအဖြစ် ဆရာဦးဝင်းမြင့်ဦး (ဒုတိယညွန်ကြားရေးမှူး(စီမံ) တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဒေါ်ဒေဒီဝင်း(လ/ထတိုင်းရင်းဆေးမှူး) နှင့် တွဲဘက်အခမ်းအနားမှူးအဖြစ် ဒေါ်ဟေမာန်ဦး (လ/ထတိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ ပါသည်။ ဝဲ၊ ယားနာ စာတမ်းကို ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနေပြည်တော်မှ ဆရာဦးလှိုင် ကျော်ဦး(တိုင်ရင်းဆေးမှူး) ကဖတ်ကြားပြီး ဆရာ၊ ဆရာမ(၃၉) ဦး တတ်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နေ့လယ်(၁၂: ၀၀)နာရီ တွင် ပြီးဆုံးခဲ့ပါသည်။