၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းကို မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (နေပြည်တော်)တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက အမှာစကားပြောကြားပြီး အခြေခံ တိုင်းရင်းဆေး ပညာပေးသင်တန်းတွင် နည်းပြဆရာ/ ဆရာမများ ပို့ချမည့် ဘာသာရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။