the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပသော အဋ္ဌမအကြိမ် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီး၍ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပသော အဋ္ဌမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် မတ်လ (၂၃)ရက်နေ့နှင့် (၂၄)ရက်တို့တွင် ကျင်းပပြီးစီးသွားပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် သုတေသနပိုစတာ(၅)ခုနှင့် တိုင်းရင်းသုတေသနစာတမ်း (၃၀)ခု တင်သွင်းဖတ်ကြားခဲ့ပါသည်။ စာတမ်းဖတ်ပွဲအပြီးတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက အပိတ်အမှာစကားနှင့် စာတမ်းဖတ်ပွဲ ကျင်းပ နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပံ့ပိုးကူညီကြသည့် ဂရိတ်ဝေါ၊ ထွန်းရွှေဝါ၊ ကေသီပန်၊ မှန်ချို၊ မောရိယ တိုင်းရင်းဆေးဝါးလုပ်ငန်းများအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

စာတမ်းဖတ်ပွဲတွင် တိုင်းရင်းသုတေသနအကောင်းဆုံးစာတမ်း၊ ဒုတိယအကောင်းဆုံးနှင့် တတိယအကောင်းဆုံးစာတမ်းများကို တိုင်းရင်းဆေးတက္ကသိုလ်မှ ပညာရှင်များကလည်းကောင်း၊ သိပ္ပံသုတေသနအကောင်းဆုံးစာတမ်းကို ဟင်္သာတတက္ကသိုလ်၊ ရုက္ခဗေဒဌာနနှင့် ထွန်းရွှေဝါ တိုင်းရင်းဆေးသုတေသန ပူးပေါင်းဆောင်ရွက်တင်သွင်းမှုကလည်းကောင်း၊ သိပ္ပံသုတေသန ဒုတိယအကောင်းဆုံး စာတမ်းဆုကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရုံးခွဲကလည်းကောင်း၊ သိပ္ပံသုတေသနတတိယအကောင်းဆုံးဆုကို တိုင်းရင်းဆေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှုကလည်းကောင်း၊ အကောင်းဆုံးပိုစတာဆုကို ရုပ်ပျိုတိုင်းရင်းဆေး သုတေသနဌာနကလည်းကောင်း၊ ဒုတိယအကောင်းဆုံးပိုစတာဆုကို တောင်ငူတက္ကသိုလ်နှင့် စကြာမင်းတိုင်းရင်းဆေးသုတေသနဌာနကလည်းကောင်း အသီးသီးဆွတ်ခူး ရရှိသွားကြောင်း သတင်းရရှိပါသည်။ 

 

ဆုရပိုစတာများ

အကောင်းဆုံးပိုစတာဆု

ပရဆေးပစ္စည်းချေးသီးသုဒ္ဓပြုခြင်းPurificaton of fruit of Semicarpusanacdium

(ရီရီမြင့်၊ ရတနာအောင်၊ အိဝေဖြိုး၊ မြတ်သီရိကျော်)

 

ဒုတိယအကောင်းဆုံးပိုစတာဆု

သမြားနီဆေးပင် (တင်စိမ်းမာ၊ အိငယ်စိုး၊ သဲသဲအိစံ၊ ဝတ်ရည်ဝင်း၊ ဖူးပွင့်သူ၊ ဥမ္မာမြင့်)

 

တတိယအကောင်းဆုံးပိုစတာဆု

အိန္ဒိယပွေးကိုင်းနှင့်ဗမာပွေးကိုင်း(ရတနာအောင်၊ ရီရီမြင့်၊ အိဝေဖြိုးနှင့် နှင်းမြတ်သီရိကျော်)

ဆုရစာတမ်းများ

သိပ္ပံသုတေသနအကောင်းဆုံး(ပထမ)ဆု -- 

မှတ်ဉာဏ်လန်းရွှင် ဗြုံးမွှေးပင်

(ခင်သူဇာ၊ ခိုင်ဇာဝေ၊ နွယ်နီအောင်၊ အေးနန္ဒာအောင်၊ ခင်ခင်စိန်)

 

သိပ္ပံသုတေသနအကောင်းဆုံး(ဒုတိယ)ဆု -- 

Elemental Composition, Phytochemical Screening and Antibacterial activity of Aeglemarmelos(L) Correa (ဥသျှစ်)

သိပ္ပံသုတေသနအကောင်းဆုံး(တတိယဆု) -- 

Nutritional values and Chemical Constituents of Cypraeaeglantina and Turritellacommunis used in Traditional Medicine in Myanmar

(သိင်္ဂီနိုင်၊ နှင်းနှင်းထွန်း၊ ဝင်းစိုး၊ သန်းထွန်း၊ မောင်မောင်သက်၊ ခင်မြမြ၊ သန့်ဇင်၊ သိမ်းကျော်)

-------------------------------------

တိုင်းရင်းသုတေသနအကောင်းဆုံးဆုရသူများ

တိုင်းရင်းသုတေသနအကောင်းဆုံး(ပထမ)ဆု -- 

Effect of Kshara Sutra Therapy Using Papaya Latex in the Treatment of Bhagandara (Fistula-In-Ano)

(သိန်းထိုက်၊ ခင်ရတနာလှိုင်၊ နီနီဇော်၊ နုနုလွင်၊ ဝင်းနိုင်၊ အောင်ကျော်မင်း၊ ကျော်ဦး၊ သိမ်းကျော်)

 

တိုင်းရင်းသုတေသနအကောင်းဆုံး(ဒုတိယ)ဆု -- 

Effect of GrivaBasti in the Management of GrivaShoola (Neck Pain) due to SandhigataVata

(ဖြိုးသဥ္ဇာ၊ ဝင့်သိင်္ဂီ၊ ဆုမွန်ခိုင်၊ ရင်ရင်သီ၊ မောင်မောင်စိုး၊ သန်းအုန်း၊ မောင်မောင်သက်၊ ကျော်ဦး၊ ကျော်သိန်းဌေး၊ သိမ်းကျော်)

တိုင်းရင်းသုတေသနအကောင်းဆုံး(တတိယ)ဆု -- 

Clinicaltrial on effect of Vaginal Douche Using TriphalaHpanHsei: On Patient with SwetaPradara (Leucorrhoea)

(တင်တင်မိုး၊ အေးနှင်းသွယ်၊ သင်းသင်းတိုး၊ လင်းဇော်ဝင်း၊ ခင်သန်းဝေ၊ ရင်ရင်သီ၊ ကျော်ဦး၊ သိမ်းကျော်)

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ