the republic of the union of myanmar

ministry of health

Department of Traditional Medicine

လက်ထောက်တိုင်းရင်းဆေးမှူး ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ရုံးအမှတ် (၄၇)၊ နေပြည်တော်

 

လက်ထောက်တိုင်းရင်းဆေးမှူး ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသည့် လက်ထောက်တိုင်းရင်းဆေးမှူး(လစာနှုန်း၊၁၈၀၀၀ဝိ-၂၀၀၀-၁၉၀၀၀ဝိ)၊ ရာထူးနေရာအတွက်အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ) မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M) ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

( ဂ) ( ၄-၄-၂၀၁၈ ) ရက်နေ့တွင် အသက်(၃၅)နှစ် ထက်မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) ပြည်တွင်း၌ ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

 

၂။ လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရမည်-

(က) ကိုယ်တိုင်ရေးလျှောက်လွှာနှင့်ကိုယ်ရေးမှတ်တမ်းအကျဉ်း။

(ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။

( ဂ) ပညာအရည်အချင်းအထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ။

(ဃ) တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်(တဆ)မိတ္တူ။

( င) (၆)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ။

( စ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး/ရဲစခန်းတို့၏ ထောက်ခံချက်မူရင်း။

(ဆ) အမြဲတမ်းနေရပ်လိပ်စာနှင့်ဖုန်းနံပါတ်။

 

၃။ လျှောက်ထားသူသည် တာဝန်ချထားရာဌာနအသီးသီး၌ အနည်းဆုံး(၃)နှစ်တိတိ တာဝန်ထမ်း ဆောင်ရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူခြင်းခံရမည်။

 

၄။ လျှောက်လွှာကို ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်သို့ လိပ်မူ၍ ( ၄-၄-၂၀၁၈ ) ရက်နေ့ ၁၆း၃၀ နာရီ နောက်ဆုံးထား ပေးပို့ရပါမည်။ ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲမှတဆင့်  ပေးပို့လျှောက်ထား၍  မိတ္တူတစ်စောင်ကို  တိုင်းရင်းဆေး

ပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်သို့ သတ်မှတ်ရက်အရောက်ပေးပို့ လျှောက်ထားရမည်။ (သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ)

 

၅။ သတ်မှတ်ချက်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများဆောင်ရွက် မည်။ ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်းကို တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလေးတို့တွင် (၂၃-၄-၂၀၁၈)ရက်နေ့၌ ကြေညာသွားမည်ဖြစ်ပြီး တိုင်းရင်းဆေးပညာ ဦစီးဌာန website www. dtm.gov.mm တွင်လည်းကြည့်ရှုနိုင်ပါသည်။

 

၆။ ရေးဖြေစာမေးပွဲအား တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် (၂၈-၄-၂၀၁၈) ရက်နေ့၌ ကျင်းပ မည်ဖြစ်ပြီး တိုင်းရင်းဆေးပညာ၊ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ် များပါဝင်သော မေးခွန်းလွှာကို ဖြေဆိုရမည်။

 

၇။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို (၂၇-၄-၂၀၁၈) ရက်နေ့မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် တိုင်းရင်းဆေးဆရာမှတ်ပုံတင်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းပြသ၍ လာရောက် ထုတ်ယူရမည်။

 

၈။ လူတွေ့ဖြေခွင့်ရသည့်စာရင်းအား ထပ်မံကြေညာပေးမည်ဖြစ်ပြီး လူတွေ့လာရောက်ဖြေဆိုရာ တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာရပါ မည်။

 

၉။ အသေးစိတ်သိရှိလိုပါက တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖုန်းနံပါတ်၊ ၀၆၇-၄၃၁၀၉၃/၀၆၇-၄၃၁၀၉၅ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။(သတ်မှတ်ချက်များနှင့် ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

 

 

တိုင်းရင်းဆေးပညာဦးစီးဌာန

 

Download

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ