the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အစည်းအဝေး

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အစည်းအဝေးသို့ တက်ရောက်လာကြသည့်  မဲခေါင်ဒေသတွင်းနိုင်ငံများမှ ရိုးရာတိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ နှီးနွယ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် သုတေသီများအား ကရဝိတ်နန်းတော်ဟိုတယ်၌ ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်တို့မှ တက်ရောက်ချီးမြှင့်ပါသည်။

ဆက်လက်ပြီး (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆန်းမစ်ပတ်ဗျူးဟိုတယ်၌ ဆက်လက် ကျင်းပရာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံတို့မှ ရိုးရာတိုင်းရင်းဆေး ပညာရှင်ကိုယ်စားလှယ်များက ရိုးရာတိုင်းရင်းဆေးကုထုံးများကို လက်တွေ့ပြသကြပါသည်။

မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအစည်းအဝေးနှင့် ရိုးရာ ကုထုံးပြသပွဲကို ၂၀၁၇ ခုနှစ်စ၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နှစ်နှစ်လျှင်တစ်ကြိမ် တစ်လှည့်စီကျင်းပခဲ့ပြီး (၈)ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ  မဲခေါင်ဒေသတွင်းနိုင်ငံများမှ တိုင်းရင်းဆေးဆရာများ၊ ရိုးရာ တိုင်းရင်းဆေးကုပညာရှင်များနှင့် သုတေသီများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ