ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၂-၂-၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်း ဆေးရုံ (မန္တလေး)၊ တိုင်းရင်းဆေးဝါးစက်ရုံတို့ ပူးပေါင်း၍ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၊ (၂၂)ကြိမ်မြောက်သစ်သီးဝလံပန်းမာန်ပြပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ပြခန်းအား ပြသထားရှိပြီး လေ့လာကြည့်ရှုသူတိုင်းကို သိလိုသမျှရှင်းလင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



