the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ အိန္ဒိယနိုင်ငံ၊ အာယုဝန်ကြီးဌာန (Ministry of Ayush) တိုအကြား ကျင်းပပြုလုပ်ခဲ့သည့် The First Joint Working Group –JWG Meeting

အဆိုပါအစည်းအဝေးတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာထွန်းမင်း ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာကိုယ်စား လှယ်များ၊ Government of India ၊ Ministry of Ayush မှ Dr Neha Tank နှင့်အတူ ဘာသာရပ် ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အာယုဝန်ကြီး ဌာနတိုအကြား ရေးထိုးထားသည့် MoU ကိစ္စရပ်များ၊ နိုင်ငံခြားပညာသင် စေလွှတ်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် Ministry of Ayush မှ ကိုယ်စားလှယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အမျိုးသားပရဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးပညာပြတိုက်သို သွားရောက်ကြည့်ရှုလေ့ လာခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မန်ကျည်းဖျော်ရည်သောက်သုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း
ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ