မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၀-၂-၂၀၂၆) ရက်နေ့တွင် မင်းလှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အမှတ်(၆) ရပ်ကွက် အတွင်း ရှိ မဟာစည်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၅)ဦး၊ မ (၂၅)ဦး၊ လူနာစုစုပေါင်း (၃၀)ဦးအားတိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

