the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တိုင်းရင်း ဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တိုင်းရင်း ဆေးကုဌာနမှ​ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်သည် (၉-၂-၂၀၂၆) ရက်၊ (တနင်္လာနေ့) နေ့လည် (၂:၀၀) နာရီ အချိန်တွင် မကွေးမြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကျား(၂၀)ဦး၊ မ (၁၀) ဦး၊ လူနာစုစုပေါင်း (၃၀)ဦးတို့အား မီးဖိုချောင်သုံး တိုင်းရင်းဆေး ပစ္စည်းများနှင့် ပက်သက်ပြီးလက်တွေ့အသုံးချနိုင်ရန် အသိပညာပေးဟောပြောခဲ့ပြီး ကျား (၅)ဦး၊ မ (၁၅)ဦး၊ လူနာစုစုပေါင်း (၂၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ