ထိုသို့ပြောင်းရွှေ့ရာတွင် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ၊ Chemical များ၊ Glassware များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ စာအုပ်များ၊ စာရွက်စာတမ်းများစသည်တို့ကို ဖြုတ်သိမ်းခြင်း၊ ထုပ်ပိုးခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပြန်လည်နေရာချခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ အသုံးပြုနိုင်ရန် စစ်ဆေးခြင်း၊ ချိန်ညှိခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တိုင်းရင်းဆေးဝါးများ၏ အရည်အသွေးထိန်းသိမ်းရန် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းကို (၁၀-၃-၂၀၂၆)ရက်နေ့ မှ (၃၀-၄-၂၀၂၆)ရက်နေ့ အထိ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် အများပြည်သူ သိရှိစေရန် အသိပေးကြေညာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
