the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME အခမ်းအနား ကျင်းပခြင်း

 အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဆရာကြီး ဦးသိန်းဝင်း က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် (၁၆) ခုတင်ဆံ့ ပုသိမ် တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သော်တာစိုး မှ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါအခမ်းအနားတွင် “ခါးနာရောဂါ” စာတမ်းကို (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ ဒုတိယဆေးရုံအုပ် ဒေါ်ဇာနည်စိုးမှ ဖတ်ကြားတင်သွင်းခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ စာတမ်းနှင့် ပတ်သက် ၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

  အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း မှ ဆရာ၊ ဆရာမများ ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဆေးရုံများမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၄၅)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ