ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ (၁၅-၁-၂၀၂၆)မှ (၂၇-၂-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သည့် လူထုကျန်းမာရေး လုပ်သားသင်တန်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်သည် (၂၇-၁-၂၀၂၆) ရက်နေ့တွင် “မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံ သဘောတရားများနှင့် တိုင်းရင်းဆေးဝါးများဝယ်ယူရာတွင် သိကောင်းစရာများ အကြောင်း”ကို သင်တန်းသူ၊ သင်တန်းသားများအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

