တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၇-၁-၂၀၂၆) ရက် (အင်္ဂါနေ့) နံနက် (၁၀:၀၀) နာရီ အချိန်၌ အမက (၂၀) မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား (၉၀)ဦး၊ ကျောင်းသူ (၁၀၀)ဦး၊ စုစုပေါင်း (၁၉၀)ဦး အား “လက်တလော ထိခိုက်ဒဏ်နာများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ လက်တွေ့ အသုံးချနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား ကလေး (၂၀) ဦး၊ မ ကလေး (၃၀) ဦး၊ လူနာစုစုပေါင်း (၅၀) ဦး အား တိုင်းရင်းဆေး ဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။