the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုခြင်းအားဖြင့် “တစ်မျိုးသားလုံး ကျန်းမာရေးတိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး” ညီလာခံဂုဏ်ပြုဆောင်းပါး

           * နေနေနိုင်ရည်၊ မိုးမိုးသန်း(တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို(၂၀၀၀)ပြည့်နှစ်ကစတင်ပြီး နိုင်ငံတော် အဆင့် နှစ်စဉ်မပျက် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၂၄)ကြိမ်မြောက်ကျင်းပနိုင်တော့မည် ဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ခြင်းသည် နိုင်ငံတော်အစိုးရ၏ အားပေးချီးမြောက်မှု နှင့်အတူ တိုင်းရင်းဆေးသမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် မှုများကြောင့်လည်းဖြစ်ပါသည်။ ယခုအခါပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် အထောက်အကူပြုနိုင်ရန်အလွှာစုံမှ ပညာရှင်များပါဝင်သော (၂၄)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပသွား မည်ဖြစ်ပါသည်။ ထိုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပရာတွင် တိုင်းရင်းဆေး သမားတော်များသာမက နှီးနွယ်ပညာရှင်များပါ ပါဝင်ပြီးအတွေ့အကြုံ၊အတွေးအမြင်များကိုဖလှယ်ကြ ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းပိုမိုမြင့်မားစေရန် အထောက်အကူကောင်းများ လည်းရရှိနိုင်ကြမှာဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် မြန်မာ့တိုင်းရင်းဆေးပညာကို နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ တိုင်းရင်းဆေးသမားတော်ကြီးများ၏ ဂိုဏ်းဂဏစိတ်ထားကင်းရှင်းစွာ တိုင်းရင်းဆေးပညာ အကျိုးရှေးရှုကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ မြန်မာ့တိုင်းရင်းဆေးအပေါ် ယုံကြည်ကိုးစားအားပေးမှုတို့ အပြန်အလှန်ပေါင်းစည်းအကျိုးပြုလျှက် မြန်မာ့တိုင်းရင်းဆေးပညာ ထွန်းတောက်အောင်အားသွန်ခွန်စိုက်ကြိုးပမ်းသွားနိုင်မည့် အခြေအနေကောင်းများရှိနေပြီဖြစ်ပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း