ရခိုင်ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယ တိုင်းရင်းဆေးမှူး ပါဝင်သောအဖွဲ့သည် (၂၄-၁၂-၂၀၂၅) ရက်နေ့တွင် ကျောက်ဖြူမြို့ ရှိဘိုးဘွားရိပ်သာ၌ ကျား လူကြီး (၂)ဦး၊ မ လူကြီး (၁၄)ဦး၊ စုစုပေါင်း (၁၆)ဦးတို့အား ကွင်းဆင်းဆေးကုသမှု ပေးခဲ့ပြီး ဘိုးဘွား (၁၆)ဦးတို့အား ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
