၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဆရာကြီးဦးသိန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ပုသိမ်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး “အရိုးပါးအရိုးပွ ရောဂါစာတမ်းကို” အိမ်မဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးသန္တာအောင်မှ ဖတ်ကြားပြီး တက်ရောက်လာသောဆရာ၊ ဆရာမများမှ စာတမ်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေး ဆရာအသင်းမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၅၆)ဦး ခန့်တက်ရောက်ပါသည်။ အခမ်းအနားကို နံနက် (၁၀:၃၀) အချိန်တွင်ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။