ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားမြို့ ခုတင်(၅၀) ဆံ့ တိုင်းရင်းဆေးရုံမှ (၂၀-၁၀-၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမြင့်နှင့် ဝန်ထမ်းများသည် ခေမာသီရိရပ်ကွက်ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ နေရပ်စွန့်ခွာ၍ နေထိုင်သောပြည်သူများထံ ကွင်းဆင်းခဲ့ပြီး အာရုံနေရာဆေးအစာအကြောင်း ပညာပေး ဟောပြောခဲ့ရာ (၆၈)ဦးတက်ရောက်ခဲ့ပြီး၊ ကျားကြီး(၁၆)ဦး၊ မကြီး(၄၀)ဦး၊ စုစုပေါင်း(၅၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





