စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ခွဲဝေချထားပေးသော ယာဉ်များထဲမှ Ambulance (လူနာတင်ယာဉ်)(၃)စီးတို့အား တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ခွဲဝေချထားခဲ့ပါသည်။
အဆိုပါ Ambulance (လူနာတင်ယာဉ်)(၃)စီးအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်) ဆေးရုံများသို့ လွဲပြောင်း ပေးအပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။