ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် ၂၆.၈.၂၀၂၅ ရက်နေ့တွင်အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးအောင်ဓမ္မရိပ်သာရှိ ယောဂီများအား ကွင်းဆင်းဆေးကုသခဲ့ပြီး လူကြီး ကျား(၈)ဦး၊ လူကြီး မ (၂၇)ဦး၊ စုစုပေါင်း (၃၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။