the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် ( CTME ) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

 ၂၀၂၅ ခုနှစ် ​သြဂုတ်လ(၂၂)ရက်‌နေ့၊ ​သော​ကြာနေ့ နေ့လယ် (၂:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် ( Continuing Traditional Medicine Education (CTME) Programme ) အခမ်းအ နားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် သဘာပတိများအဖြစ် ဦးပေါညိမ်း (ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)တို့မှ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူးများ အဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်နှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးထက်ခိုင် တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) မှ စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်အိအိကျော် က "ဝမ်းလျှောဝမ်းပျက်ရောဂါ" အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊တိုင်း၊ ခရိုင်၊ မြို့နယ်များ၊   ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမများ တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၇၉)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊  မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေမန်းတောင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး၊ ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ကံသာ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး၊ ဒေါ်ခန့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထိရင်လန်းတိုင်းရင်း​ဆေးဝါးထုတ်လုပ်​ရေး၊ နန်းဧကရီတိုင်းရင်း​ဆေးဝါး ထုတ်လုပ်​ရေးတို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီး ဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး )၊ ဆရာကြီးဦးထွန်းရွှေ (ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဒေါက်တာခင်သူဇာတို့မှ ပံ့ပိုးကူညီ‌ပေး ခဲ့ကာ အခမ်းအနားကို ညနေ (၄း၃၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း