ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၈-၈-၂၀၂၅)ရက်နေ့တွင် အ .မ. က၊ ကဇင်းကြီးကျောင်း၌ ကွင်းဆင်းကုသမှုများဆောင်ရွက်ခဲ့ရာ ကျား(၃၁)ဦး၊မ(၄၀)ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ (၇၁) ဦးတို့ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းရေးအတွက် ပြုမူ နေထိုင်စားသောက်ခြင်းအကြောင်းကျန်းမာရေးပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။