ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နော်သိန်းသိန်းနွဲသည် အင်္ဂပူမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အင်္ဂပူမြို့နယ်ပန်းတင်ကျေးရွာတွင် ကွင်းဆင်းဆေးကုသမှု ပြုခဲ့ရာ ကျား ၁၀ ဦး၊ မ ၁၃ ဦး ၊စုစုပေါင်းလူနာ ၂၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါပြီး သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးဝါးများအကြောင်းကို လူဦးရေ (၄၀) ဦးအား ပညာပေး ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။