ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၁.၈.၂၀၂၅ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ရွှေကျင် (ဘက) ကျောင်း၌ ကျောင်းသား ကျောင်းသူ (၅၀)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း ဟောပြောခဲ့ပြီး လူကြီး (ကျား) ၈ ဉီး၊ လူကြီး (မ) ၁၁ ဉီး၊ကလေး(ကျား)(၁၁)ဦး ကလေး (မ) ၁၅ ဦး စုစုပေါင်း (၄၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။