ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပင်စင်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ ပေးအပ်ပွဲကို ၂၁.၈.၂၀၂၅ ရက်နေ့တွင် ခိုင်သဇင်ခန်းမ၌ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးဌာနမှူး၊ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လူနာ ကျား ၃၆ ဦး၊ မ ၆၉ ဦး ၊ စုစုပေါင်း ၁၀၅ ဦး တို့ကို တိုင်းရင်းဆေးဖြင့်ကျမ်းမာရေးစောင့်ရှောက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။